TANTEI WA MOU, SHINDERU

 

探偵はもうでいる。

စုံထောက်မလေးက သေသွားပြီ

Studio: ENGI

Source: Light Novel

Genres: Mystery, Comedy, Drama, ROMANCE

RELEASE DATE: JULY 4, 2021

ANIME SEASON: SUMMER 2021

STATUS: COMPLETED


TRANSLATOR AND ENCODER- LUNATIC

OPENING AND ENDING THEMES TRANSLATION- AKKUN


First Ep title ကတော့ 'ခရီးသည်တွေကြားမှာ စုံထောက်ရှိပါသလား?/ ပြည်ဖုံးကားဖွင့်၊ လူငယ်ဘဝ အချစ်ဟာသဇာတ်ကြောင်း ( Rom-com hen)' 



ပြဿနာမှန်သမျှကိုလက်ယပ်ခေါ်တတ်တဲ့ Kimizuka Kimihiko ဟာ အမြဲပဲရာဇဝတ်မှုတွေနဲ့ တည့်တိုးပြီး မျက်မြင်သက်သေအဖြစ်ရှိနေပါတယ်။ အဲ့တော့ ဘာမှထပ်တိုးမထူးဆန်းစွာနဲ့ပဲ သူစီးလာတဲ့ အထက် ၁၀,၀၀၀ မီတာမှာ ပျံသန်းနေတဲ့လေယာဥ်ဟာအပိုင်စီးခံရပါတယ်။ 


Kimizuka Kimihiko ဟာ သူ့ကိုယ်သူစုံထောက်လို့ခေါ်တဲ့၊ လျှို့ဝှက်ချက်တွေအများကြီးရှိတဲ့ကောင်မလေး Siesta ရဲ့လက်ထောက်အဖြစ် ခန့်အပ်ခြင်းခံရပြီး ယာဥ်မှူးအခန်းဆီလိုက်သွားရပါတယ်။ 

အဲ့မှာတော့ コウモリ(Koumori / လင်းနို့) လို့ခေါ်တဲ့၊ ယာဥ်မှူးကို ဓားစားခံအဖြစ်ဖမ်းဆီးထားတဲ့လူတစ်ယောက်ရှိနေပြီး ပြန်ပေးဆွဲထားတာကို ပြန်လွှတ်ပေးဖို့အတွက်အပေးအယူအနေနဲ့ 'ဘာလို့ ဒီလေယာဥ်ကိုပြန်ပေးဆွဲရတာလဲ' ဆိုတဲ့အကြောင်းပြချက်ကို ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ 


အဲ့တော့ အကြောင်းပြချက်က ဘာများဖြစ်မလဲဆိုတာတော့ Tantei wa Mou, Shinderu မှာ ကြည့်ရမှာပါ။ 

အဲ့အမှုကနေ အစပြုပြီး ကမ္ဘာတစ်ပတ် သူတို့အသက်ကိုရင်းပြီး အဲ့နှစ်ယောက်ဟာ အမှုပေါင်းများစွာကိုဖြေရှင်းကာ ထောင်ချီတဲ့လူ့အသက်တွေကို ကယ်တင်ခဲ့ပါတယ်။

အဲ့စွန့်စားခန်းတွေအကုန်လုံးဟာ နောက်သုံးနှစ်အကြာမှာ Siesta ရဲ့မထင်မှတ်ထားတဲ့သေဆုံးမှုနဲ့ တူတူရပ်တန့်သွားခဲ့ပါတယ်။


ဒီတစ်ခါတော့ ဘဝကိုပုံမှန်အေးဆေးပဲဖြတ်သန်းသွားဖို့ စဥ်းစားထားတဲ့ Kimizuka ဟာ လူမသိမထင်မရှားနဲ့ပဲ တစ်နှစ်လောက်နေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ကံတရားရဲ့စီမံမှုအတိုင်း တစ်နေ့မှာတော့ Siesta နဲ့ ချွတ်စွတ်တူတဲ့ကောင်မလေးနဲ့တွေ့ပြီး သူ့ဘဝဟာ တစ်ဖန်ဖရိုဖရဲဖြစ်သွားပြန်ပါတယ်။



Comments

  1. Lunatic ကားလား

    ReplyDelete
  2. down လို့မရဘူး share access တောင်းနေတာလုပ်ပေးပါဦးဗျ

    ReplyDelete

Post a Comment