Kimi wa Kanata

 


KIMI WA KANATA

GENRES: ROMANCE, DRAMA, FANTASY

SOURCE: ORIGINAL

TYPE: MOVIE

STATUS: COMPLETED

STUDIO: DIGITAL NETWORK ANIMATION

TRANSLATOR- ELIZ

TYPESETTER AND ENCODER- AKKAR OO

ENDING THEME TRANSLATION- HIGHCATTO

ENDING THEME TIMING AND STYLING- EGGUCATTO

အထက်တန်းကျောင်း ဒုတိယနှစ်ကျောင်းသူ Mio ဟာ ကျောင်းစာသင်ချိန်တွေမှာ ပေါ့ပေါ့ပါးပါးပဲနေတတ်ပြီး အိမ်စာတွေကိုလည်း နောက်မှပဲလုပ်မယ်ဆိုတဲ့ အတည်တကျ ဘာကိုမှခွန်အားမစိုက်တတ်တဲ့ကောင်မလေးပါ။ ငယ်သူငယ်ချင်း Arata ရယ်၊ အခင်ဆုံးသူငယ်ချင်း Madoka ရယ် နဲ့တူတူ ကျောင်းသွားကျောင်းပြန် ပျော်ပျော်ရွှင်ရွှင်ပဲနေပါတယ်။ 

တစ်နေ့မှာတော့ Madoka က Arata ကိုစိတ်ဝင်စားနေကြောင်းပြောလာတဲ့အခါမှာ သူတို့သုံးယောက်ကြား ဆက်ဆံရေးမပျက်ပြားချင်တဲ့ Mio ဟာ ဘာလုပ်ရမှန်းမသိဘဲ Arata နဲ့ အကြီးအကျယ်စကားများရန်ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် Mio ဟာ နောင်တရပြီး သူ့ခံစားချက်တွေပြောပြဖို့ Arata ဆီအသွားမှာ ယာဥ်မတော်တဆမှုဖြစ်ပြီး ကမ္ဘာ့နယ်နိမိတ်ဆိုတဲ့နေရာတစ်ခုကို ဝိညာဥ်လွင့်ပြီး ရော​က်သွားခဲ့ပါတယ်။ Arata ကို သေချာပြောပြနိုင်ဖို့အတွက်နဲ့ Mio ဟာ လူ့ပြည်ဆီပြန်သွားနိုင်ဖို့ သူ့အမှတ်တရတွေကို ပြန်မှတ်မိအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း Arata ခင်မျာမှာလည်း Mio ကို ပြန်ခေါ်ဖို့ နည်းပေါင်းစုံကြိုးစားတော့တာပေါ့။ အဲ့တော့ အားစိုက်ထုတ်ပြီး အရာမထင်မှာကိုကြောက်တတ်တဲ့ Mio တစ်ယောက် သတ္တိမွေး၊ လူ့ပြည်ပြန်လာပြီး Arata ကို သူပြောချင်တာတွေ ပြောပြနိုင်ပါ့မလားဆိုတာ ကြည့်လိုက်ကြပါဗျာ။



KIMI  WA  KANATA  
 MEGA       G-DRIVE

Comments

Post a Comment