- Get link
- X
- Other Apps
- Get link
- X
- Other Apps
Release Date: April 28, 2022
TYPE: MOVIE
Genre: Sci-fi, Action, Romance, Post-Apocalypse
Studio: WIT STUDIO
TRANSLATOR- ELIZ
TYPESETTER AND ENCODER- AKKAR OO
THEME SONG TRANSLATION- HIGHCATTO
THEME SONG TIMING AND KFX- EGGUCATTO
Death Note, SNK, Koutetsujou no Kabaneri တို့ရဲ့ ဒါရိုက်တာ Tetsuro Araki မှရိုက်ကူးပြီး Aldnoah Zero, Puella Magi တို့ရဲ့ ဇာတ်ညွှန်းဆရာ Gen Urobuchi မှဇာတ်ညွှန်းရေးသားထားတဲ့အပြင် Wit Studio ဆိုတော့ တစ် frame ချင်းကို ဇာတ်လမ်းကောင်းကောင်းနဲ့ လှလှလေးကြည့်ရမှာပါ။
ဇာတ်ကောင်ဒီဇိုင်းကိုတော့ Death Note ရဲ့ mangaka (art ပိုင်း) Takeshi Obata က အားဖြည့်ပေးထားပါတယ်။ အဲဒါအပြင် Sawano Hiroyuki က ost ပိုင်းအားဖြည့်ထားတာမို့လို့ music ပိုင်းလည်းပြောစရာမလိုအောင်ပါပဲ။ Opening Theme ကိုတော့ Eve က သီဆိုပေးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း *
ကမ္ဘာပေါ်ရွာကျလာတဲ့ပူဖောင်းများ <BUBBLE> ကြောင့် ကမ္ဘာမြေဆွဲအားယိုယွင်းသွားခဲ့တဲ့တိုကျိုမြို့။ အသက်သွေးကြောဖြတ်တောက်ခံလိုက်ရတဲ့တိုကျိုဟာ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့လူငယ်တွေရဲ့အိမ်တစ်ဖြစ်လည်း၊ တိုက်တစ်တိုက်ပေါ်ကနေ တစ်တိုက်ဆီခုန်ကျော်လွှားယှဥ်ပြိုင်ရတဲ့ Parkour Game Battle တွေရဲ့စစ်မြေပြင်ဖြစ်လာခဲ့ပါတယ်။
တစ်နေ့မှာတော့ အန္တရာယ်များလှတဲ့ playstyle ကြောင့် နာမည်ရလာတဲ့ Ace ဖြစ်သူ Hibiki ဟာ ကမ္ဘာမြေဆွဲအားပျက်ပြားနေတဲ့ပင်လယ်ထဲပြုတ်ကျသွားခဲ့ပါသတဲ့။ အဲ့မှာ Hibiki ကိုကယ်တင်လိုက်တာကတော့ ထူးခြားတဲ့ကိုယ်ကာယစွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့ကောင်မလေး Uta ။ Hibiki ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်သွားတဲ့ Uta တစ်ယောက် သူ့မိတ်ဆွေအသစ်တွေနဲ့တူတူ စည်ကားပျော်ရွှင်ဖို့ကောင်းတဲ့နေ့စဥ်ဘဝမှာနေသားကျလာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ပျော်ရွှင်မှုဟာ တစ်ခဏတာဆိုသလိုပါပဲ။ တိုကျိုပေါ် ပူဖောင်းတွေထပ်ရွာကျလာပြန်ပါသတဲ့။
ဘာကြောင့််များ Uta က Hibiki ရှေ့မှာပေါ်လာခဲ့ရတာလဲ? နှစ်ယောက်သားဟာ ကမ္ဘာကြီးကိုပျက်သုဥ်းမှုကနေကယ်တင်နိုင်ပါ့မလား? နှစ်ယောက်သားရဲ့ကံတရားက ကမ္ဘာကြီးကိုပြောင်းလဲပစ်မယ့် အံ့အားသင့်ဖွယ်အမှန်တရားနဲ့ဆက်စပ်သွားပါလိမ့်မယ်။
BUBBLE 1080 P High-reso ver (3 GB) 🌀
720 p, 480 p and Direct Streaming 🌀
SMALL ENCODE VER (1.1 GB)🌀
- Get link
- X
- Other Apps
Comments
Post a Comment